MNP ၊ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသု ရရှိစေရန် အားကစား၏အကျိုးကျေးဇူးကို သိရှိစေရန်၊ ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်(၁၄)ရက် နံနက် (၁၀)နာရီ က အထက(ရွှေဥဩ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲပြုလုပ်ရာတွင်ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်မှလူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိဒေါ်သန်းသန်းရွှေမှအားကစားပညာရပ်များဖြစ်သော ဘောလုံး ကစားခြင်းဆိုင်ရာနည်းစနစ်များ ၊ဘော်လီဘောကစားခြင်းဆိုင်ရာနည်းစနစ်များ၊ ဘက်စကပ်ဘောဆိုင်ရာနည်းစနစ်များ၊ပြေးခုန် ပစ်ဆိုင်ရာနည်းစနစ်များ၊စစ်တုရင်ကစားခြင်းနည်းစနစ်များ၊ စားပွဲတင်တင်းနစ်နည်းစနစ်များ၊ လှေလှော်ရွက်တိုက်နည်းစနစ်များနှင့် အတူမြန်မာ့ရိုးရာသိုင်းပညာရပ်အကြောင်းများကို ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာ့ရိုးရာသိုင်းပညာအား မဝဿန်ဖူးနှင့်အဖွဲ့မှ ဦးဆောင်၍လူငယ်များက လက်နက်မဲ့ခုခံကာကွယ်ခြင်း၊ လက်နက်ဖြင့် ခုခံ ကာကွယ်ခြင်း၊ သိုင်း ပညာရပ်ကိုသရုပ်ဖေါ်အလှပြကွက်များဖြင့်လူငယ်မျာအားကစား လိုက်စားလိုစိတ်ရှိစေရန်သရုပ်ဖေါ်ကပြခဲ့ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment