MNP ၊ ဇူလိုင် ၁၄
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မှတဆင့်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာအရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် အသိပညာပေး ဟောပြောခြင်း နှင့် ကာကွယ် ဆေးထိုးနှံခြင်းများကို ဇူလိုင် ၁၄ ရက်နံနက် ၁၀နာရီတွင် ကျိုက်ထိုမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာအရေးပေါ် တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် ကျိုက်ထိုမြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များဖွဲ့စည်း၍ တိရစ္ဆာန် မွေးမြူထားသော ခြံပိုင်ရှင်များအား တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်း ချုပ်ခြင်းဆိုင်ရာများကိုအသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားလည်ချောင်း ကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုနှင့်ဝန်ထမ်းများကလိုက်လံဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost



No comments:
Post a Comment