MNP ၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား သတိထားဆောင်ရွက်နိုင်စေရေး၊ ဌာနပိုင်မြေများ အမည်ပေါက်ရရှိရေး၊ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ပြည်သူများအား ယမန်နေ့က Covidshield ကာကွယ်ဆေး Booster Does အောင်မြင်စွာထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု တတိယအကြိမ် (၆)လပြည့်ပြီးသူများသည် စတုတ္ထ အကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက် ထိုးနှံဆောင်ရွက်ကြနိုင်စေရေး၊ ပန်းခင်းစီမံချက် (ဒုတိယအကြိမ်) ဆောင်ရွက်နိုင်မှုကို သြဂုတ်လပထမပတ်မှ စတင်ကာ တစ်နိုင်ငံလုံး ဆောင်ရွက်သွားရန်ရှိသဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသော ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကောက်ယူလျက်ရှိသော အခွန်(၄)မျိုးအား ရာနှုန်းပြည့်စည်းကြပ်ကောက်ခံနိုင်ရေးနှင့် အခွန်ထမ်းဆောင်မည့်သူသည် သက်ဆိုင်ရာ ရပ်/ကျေး စာရေးများနှင့် ပူးပေါင်းပြီး အခွန်များပေးသွင်းကြစေရေး၊ ယခုကာလအတွင်း မြို့နယ်အတွင်းရှိ မိုးလွန်မိုးခေါင်ပြီး စိုက်ပျိုးမည့်ရေလိုအပ်ချက်ရှိသည့် စပါးစိုက်ဧရိယာများကို ရေတင်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများ ဆေးဝယ်ယူမှု အခက်အခဲမရှိစေရေးနှင့် ဆေးများဈေးနှုန်းကြီးမြင့် ရောင်းချမှုမရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ပိုင် မြေယာအရောင်းအဝယ်ပြုလုပ်ရာတွင် လူမျိုးခြားများအား ရောင်းချခြင်းမပြုစေရေး တို့အား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး ဟန်မွှေးက ဂွမြို့နယ်အနေဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး မျိုးဇေယျာက မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ခိုးဝှက်မှုများ ပပျောက်စေရေး၊ တရားမဝင်ခိုးဝင်သူများမရှိစေရေး၊ လက်ရှိတည်ငြိမ်အေးချမ်းသာယာမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်စေရေး တို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment