MNP - ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေပေါက်ကံ ကွက်သစ်၊ အထက်တန်းကျောင်းခွဲ အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆက် လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်မကျန်ရှိစေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအားလည်း ဦးတည်အုပ်စုများ အလိုက်ဆေးထိုးစုရပ်စင်တာများတွင်အရှိန်အဟုန် မြှင့်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှသိရသည်။
ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေး ဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - လှလှထွေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment