ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့ စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့ စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း



MNP - ဇူလိုင်   ၁၂


မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ  မျက်စိဝေဒနာရှင်များကို အခမဲ့ စစ်ဆေးပေးခဲ့သည်။


ယင်းသို့ စစ်ဆေးမှုအား   မွန်ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ "မရှိ၍ မလင်းသူမရှိစေရ" ဆောင်ပုဒ် နှင့်အညီ  Good Vision Glasses ရွှေမျက်မှန်ပရဟိတ  အသင်းတို့ ပူးပေါင်းပြီး အခမဲ့မျက်စိပါဝါ စမ်းသပ်ပေးကာ One Dollar Glasses  မျက်မှန်များအား  မိုးရာသီလှူဒါန်းမှုအဖြစ် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


အဆိုပါ မျက်စိအခမဲ့ စမ်းသပ်ပေးမှုအား ယနေ့ဇူလိုင် (၁၁)ရက်နေ့ထိ စစ်ဆေးပေးခဲ့ရာ  မျက်စိစစ်ဆေးမှု အခြေအနေလာရောက် စစ်ဆေးသူ(၃၄၀) ဦးရှိပြီး မျက်မှန်တပ်ဆင်ရသူ (၃၃၈) ဦးနှင့် အတွင်းတိမ် (၁၃) ဦးအား စစ်ဆေးတွေ့ရှိရ၍ အတွင်းတိမ်ရောဂါရှိသူများကို အခမဲ့ ခွဲစိတ် ကုသပေးရန်အတွက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထူးနောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)