ကျောက်ပန်းတောင်းမြို့ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဝါဆိုဦး ဆွမ်း/ဆွမ်းဟင်းလောင်းလှူသူများ ဆွမ်းခံရဟန်းသာမဏေများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဝါဆိုဦး ဆွမ်း/ဆွမ်းဟင်းလောင်းလှူသူများ ဆွမ်းခံရဟန်းသာမဏေများဖြင့်စည်ကား






MNP - ဇူလိုင်   ၁၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် ဝါဆိုဦးအလှူအရုဏ်ဆွမ်းလောင်း လှူကြရန်အတွက်၊ ယမန်နေ့နံနက်(၆)နာရီမှစတင်၍ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်း/ဆွမ်းဟင်းလောင်းလှူကြသူများ၊ ဘုန်းတော်ကြီးကျောင်းနှင့်စာသင်တိုက်အသီးသီးမှ ရဟန်း/သာမဏေများဖြင့်  စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဓမ္မာရုံများတွင် ဝါတွင်းပတ်ဆွမ်းလောင်းလှူခြင်းများကို အပတ်စဉ်ဆောင်ရွက်လေ့ရှိရာ၊ ယခုဝါဆိုဦး ပထမပတ်တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် စံပြရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်၊ ဘူတာရပ်ကွက်၊ ဈေးကွက်သစ်ရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်၊ သာယာအေးရပ်ကွက်၊ ပြည် တော်သာရပ်ကွက်၊သီရိမင်္ဂလာရပ်ကွက် အစရှိသည့် ရပ်ကွက်အသီးသီးမှ ဆွမ်းလောင်းဓမ္မာရုံများတွင် နံနက်(၄)နာရီမှစတင်၍  ဆွမ်းချက်ရန်နှိုးဆော်သည့် တေးသံသာများ၊ တရားဓမ္မသံများဖြင့် စိတ်ကြည်နူးချမ်းမြေ့ဘွယ်ကြားနေရပြီး နံနက် ၅ နာရီခန့်မှ စတင်၍ မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်ဓမ္မာရုံများတွင်ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက် အသီးသီး မှရဟန်း/သာမ ဏေများဖြင့် ပျားပန်းခတ်မျှစည်ကားလျှက်ရှိကြောင်းသိရသည်။ အဆိုပါ ဝါတွင်းပတ် ဆွမ်း/ဆွမ်းဟင်းလောင်းလှူခြင်းများကို ရပ်ကွက်အလိုက်ဓမ္မာရုံများတွင် ကျင်းပခြင်းဖြစ်ပြီး၊ တစ်ရပ်ကွက် နှင့်တစ်ရပ်ကွက်အချိန်မတိုက်ပဲ သွားလာမှုအစဉ်ပြေစေရန် ဆွမ်းလောင်းချိန်ကို ညှိနှိုင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ ဆွမ်းခံကြွရောက်တော်မူကြသည့် ရဟန်း/သာမဏေများအနေဖြင့်လည်း ရပ်ကွက်အသီးသီးသို့ အချိန်မီသွားလာ၍ ဆွမ်းခံကြွရောက်တော်မူနိုင်ကြရန် စီစဉ်ထားကြခြင်းဖြစ်ကြောင်း စံပြရပ် ကွက် မဟာဗောဓိဓမ္မာရုံ အကျိုးတော်ဆောင် တစ်ဦးကပြောပါသည်။ ၁၃၈၂ ခုနှစ်နှင့် ၁၃၈၃ ခုနှစ်များက ကိုဗစ်-၁၉ရောဂါ ကန့်သတ်ချက်များကြောင့် ဝါတွင်းကာလ ဆွမ်းလောင်းလှူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပဲ ယမန်နှစ်က လပြည့်/ လကွယ်ရက်များတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)