ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့်ထုတ်လွှင့်တင်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့်ထုတ်လွှင့်တင်ဆက်



MNP - ဇူလိုင်   ၁၂


၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အသိ ပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။


အဆိုပါ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်တွင် စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က ကမ္ဘာ့လူဦးရေနေ့ ဖြစ်ပေါ်လာပုံနှင့် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ် ရခြင်း၏ ရည်ရွယ်ချက်များ၊ လက်ရှိကမ္ဘာ့လူဦးရေ အဆမတန် တိုးတက်လာမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ လူဦးရေတိုးတက်လာမှု အခြေအနေများ၊ ကမ္ဘာ့လူဦးရေတိုးတက်လာမှုက အနာဂတ်ကမ္ဘာ့အား အကျိုးသက် ရောက်နေမှုများ စသည်တို့နှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ များ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှ တစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပြီး အဆိုပါ Talk Show အစီအစဉ်များအား ရန်ကုန် အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သတင်းရရှိ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)