ဟင်္သာတမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ကျရုံးခဲ့သူများနှင့် ကျောင်းမတက် ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများနှင့် တွေဆုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ကျရုံးခဲ့သူများနှင့် ကျောင်းမတက် ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများနှင့် တွေဆုံဆွေးနွေးပွဲပြုလုပ်




MNP - ဇူလိုင်  ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ကျောင်းဆက်လက် မတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံ၍ ကျောင်းအမြန်အပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။


ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့် အမှာစကားပြောကြားရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်မပျက်စီးစေရန်၊ ပညာသင်ကြားရမည့် အရွယ်တွင် ပညာသင်ကြားနိုင်စေရန်၊ လူငယ်လူရွယ်များ၏  ယခုလက်ရှိအချိန်တွင်  ပညာရေးကိုသာ အလေးထားသင်ကြားနိုင်စေရန်၊ ကျောင်းမတက်သည့်သူများ၊ ကျောင်းမအပ်နှံသေးသည့်သူများ အတွက် အချိန်မှီ ကျောင်းတက်ရောက်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရေး မိမိတို့ဘက်မှလည်း ပညာရေးဋ္ဌာနနှင့် ပူးပေါင်း၍ လိုအပ်သော အခက်အခဲများ အကူအညီများ ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ဟင်္သာတ မြို့နယ်အတွင်းရှိ စာမေးပွဲဝင်ရောက်ဖြေဆိုသူ အရေအတွက်နှင့် အောင်ချက်နှင့်ကျရုံးအခြေအနေများ၊ ကျောင်းတက်ရန် ပျက်ကွက်နေသော ကျောင်းသားကျောင်းသူများ၏ အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မိဘများက သိရှိလိုသောအချက်များ၊ လိုအပ်ချက်များကိုတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ပညာရေးဋ္ဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)