ကိုဗစ်ကာလ၌ ကွယ်လွန်ခဲ့သည့် အသင်းဝင်များအား ပါရမီခမဲ့နာရေးကူညီမှုအသင်းမှ နာရေးထောက်ပံ့ငွေများ ပြန်လည်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်ကာလ၌ ကွယ်လွန်ခဲ့သည့် အသင်းဝင်များအား ပါရမီခမဲ့နာရေးကူညီမှုအသင်းမှ နာရေးထောက်ပံ့ငွေများ ပြန်လည်ပေးအပ်




MNP ၊  ဇူလိုင် ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဩဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်သည့် ပါရမီအခမဲ့နာရေးကူညီမှုအသင်းမှ ကိုဗစ်ကာလအတွင်း အကြောင်းကြောင်းကြောင့် နာရေးထောက်ပံ့ငွေများ ‌မပေးအပ်နိုင်ခဲ့သည့် အသင်းဝင်သေဆုံးမှုများအတွက် ထောက်ပံ့ငွေများပြန်လည်ပေးအပ်ခြင်းကို ယနေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့် ရွှေစာရံစေတီတော်ဝန်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အသင်းကြီး၏ဩဝါဒါစရိယ ညောင်လေးပင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ တက်ရောက်လာသူများက သီလခံယူဆောက်တည်ကြပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တသူရိယနှင့် ဆရာတော်ကြီးများက အသင်းဝင်များအား အသင်းကြီး၏ဆောင်ရွက်နေမှုများ၊ ကိုဗစ်ကာလအတွင်း နာရေးထောက်ပံ့ငွေ ပေးအပ်ခြင်းမပြုနိုင်ခဲ့ရသည့် အခက်အခဲများနှင့် ထောက်ပံ့ငွေ ပြန်လည်ပေးအပ်နိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့မှုနှင့် ဆုံးမဩဝါဒစကားများကို မြွက်ကြားပေးခဲ့ကြသည်။

ဆက်လက်၍ ပါရမီအခမဲ့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက ကိုဗစ်ကာလအတွင်း၌ ကွယ်လွန်ခဲ့သည့် အသင်းသားများအတွက် တစ်ဦးလျှင် ၉၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၉၆ ဦးတို့အတွက်  နာရေးထောက်ပံ့ငွေ စုစုပေါင်း ၁၇၆၄၀၀၀၀ ကို ကိုယ်စားလှယ်များနှင့် အသင်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)