မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ






MNP - ဇူလိုင်   ၂


မကွေးတိုင်းဒေသကြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တက္ကသိုလ်အသီးသီးရှိ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်း ပြုစုချက် များအရ ယာဉ်မတော်ဆမှုကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် ပိုမိုကြီးထွားလာပြီး လူဦးရေ (၁)သိန်း လျှင် (၁၉)‌ယောက်သည် ယာဉ်မတော်ဆမှုကြောင့် ထိခိုက်သေဆုံးနိုင်သည်ဟု ခန့်မှန်းထားရှိသည်ကို တွေ့ရှိရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယာဉ်မတော်ဆမှုသည် ပိုမိုဖြစ်ပွားလျက်ရှိပြီး မိမိတို့မြန်မာနိုင်ငံသည်လည်း ပါဝင်ပါကြောင်း၊ ယာဉ်မတော်ဆမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများမှာ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းနှင့် အရက်သေစာသောက်စား မောင်းနှင်ခြင်း တို့ဖြစ်ပြီး ခရီးသွားပြည်သူများ အနေဖြင့်လည်း လမ်းဖြတ်ကူးရာတွင် ပေါ့ဆစွာဖြတ်ကူးခြင်းနှင့် ပေါဆစွာ လိုက်ပါစီးနင်းမှုများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အတွင်းတွင်လည်း ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှု (၂၃၁) မှုအထိ ဖြစ်ပွား ခဲ့သည့်ကို တွေ့ရှိရပါကြောင်းနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းလာစေရေး၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုသိရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဦးဘသန်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး စိန်ဝင်းတို့က ပြည်သူများ ယာဉ်မတော်ဆမှု ဖြစ်ပွားမှုလျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုလိုက်နာနိုင်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက တစ်ဦးချင်းအသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)