ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


MNP - ဇူလိုင်   ၂


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြုကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက်က ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက်ပြည်သူပထမ အကြိမ် ၁ ဦး၊ ဒုတိယအကြိမ် ၂ ဦးတို့အား(COVIDSHIELD) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို လည်းကောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး၆လပြည့်သည့် ပြည်သူ(၂၀)ဦးအား Booster Doose ကိုလည်းကောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ကြောင်းနှင့်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)