MNP - ဇူလိုင် ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့သည် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
တွေ့ဆုံရာတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်များအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် အညီ ဖြစ်စေရေး၊ လုပ်ငန်းလိုအပ်ချက်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ အချိန်မီတင်ပြဆောင်ရွက်ကြရေး မှာကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း က ခရိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွန်းများနှင့် အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်သွားရေး၊ ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဝမ်းစာ ဖူလုံရေးနှင့် ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ် စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် မြို့နယ်ပြည်သူ့အားကစားကွင်း အနောက်ဘက်ပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်နိုင်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းသည် ပူတာအိုခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့် အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း)ပေါ်၌ ပေအရှည်(၂၄၀)ပေ နမ့်ပလန့်ချောင်း သံကူ ကွန်ကရစ် တံတား စီမံကိန်း ရှင်းလင်းဆောင်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင် နှင့် တာဝန်ရှိသူများက ပူတာအိုလွင်ပြင်ပတ်လမ်းအရှည်(၂၅) မိုင်တွင် ဘဏ္ဍာနှစ် အလိုက် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် အကောင်အထည်ဖော်ရန် ကျန်ရှိသည့် လမ်းပိုင်းနှင့် တံတားများအား ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နမ့်ပလန့်ချောင်းကူး သံကူကွန်ကရစ် တံတားတည် ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) တောင်ခြေရှင်းလင်းဆောင်သို့ သွားရောက်ပြီး အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း (ရေခဲတောင်) သွားလမ်း အရှည်(၂၄)မိုင်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအမံများနှင့် လုပ်ငန်းလိုအပ်ချက် များ အားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း ရေခဲတောင်သွားလမ်းသည် လမ်းအရှည်မှာ(၂၄)မိုင် ရှည်သော လမ်းဖြစ်ပြီး ကျေးရွာ(၈)ရွာ၊ အိမ်ခြေ(၃၈၂)အိမ်၊ လူဦးရေ(၁၁၃၉)ဦးအား အကျိုးပြုမည့် အပြင် အဆိုပါလမ်း ပိုင်းဆောင်ရွက်ပြီးစီးပါက ရေခဲတောင်ခရီးစဉ်အဖြစ် Eco Tourism လုပ်ငန်း အတွက် အထူးအရေးပါသော လမ်းတစ်လမ်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment