ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်




MNP - ဇူလိုင်  ၂


ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့်ဒေသတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့က  ရေဦးကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူ‌မောင်က ဒေသခံ‌ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့်နွေစပါးတိုးချဲ့စိုက်ပျိုး နိုင်‌ရေး၊ ဆည်‌ရေသောက်ဧရိယာအတွင်းပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီ သည့်အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ဒေသထုတ်ကုန်များထုတ်လုပ်မှုနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးမှုများနှင့်လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက  စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ အပင်ကိုင်းကူး ကိုင်းဆက်စိုက်ပျိုးနည်းနှင့်သဘာဝ‌ မြေဩဇာပြုလုပ်သုံးစွဲနည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များအားလက်‌တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လဝက၊ကျေးလက်၊ မွေး/ကု၊စက်မှုလယ်ယာ၊ မြေစာရင်းနှင့်ဆည်မြောင်းဦးစီးဌာနတို့ကကျေးရွာ အရောက်ကွင်းဆင်း၍ နည်းပညာ‌ပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)