ပခုက္ကူတက္ကသိုလ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ




MNP - ဇူလိုင်   ၂


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊အရိပ်အာဝါသနှင့် မျက်စိ ပဿာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် ၆နာရီအချိန်က တက္ကသိုလ် ကျောင်းဝင်း အတွင်း၌ ၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ စိမ်းလန်းစိုပြည်ရေးကော်မတီဥက္ကဋ္ဌ၊ ရုက္ခဗေဒဌာနမှူး ဒေါက်တာအေးအေးဝင်းကြည်နှင့် ကော်မတီဝင်ဝန်ထမ်းများက ပျိုးပင်များပေးအပ်ရာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါ မောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ဆရာများက လက်ခံရယူကြပြီး သတ်မှတ်နေရာများတွင် ပျိုးထောင်စိုက်ပျိုးကြသည်။


အဆိုပါ ၂၀၂၂ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အထိမ်းအမှတ်အဖြစ် ကျွန်း ၁၀၊ မနီလာအုန်း ၁၁၊ ထိုင် ဝမ်ပန်း ၂၄၊ ယိုးဒယားအကြော်ပင် ၃၀၊ ကံ့ကော် ၅၊ ငုဝါ ၁၀၊ မယ်ဇယ် ၁၀၊ မယ်ဇလီ ၁၀၊ ကုက္ကိုပင် ၁၀၊ ခရေ ၁၀၊ ရေတမာ ၁၀၊ စိန်ပန်း ၂၀၊ ဗာဒံပင် ၁၀၊ စုစုပေါင်း ၁၆၅ ပင်တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)