မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား ဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား ဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP -  ဇူလိုင်   ၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များအား ဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ မွန်လွဲပိုင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်နုက အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့၏ လှုပ်ရှားဆောင်ရွက်ရမည့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ် ဆေးဝါးတာဆီးကာကွယ်ရေးလုပ်ငန်းများ၊ လူကုန်ကူးမှုတာဆီးကာကွယ် ရေးလုပ်ငန်းများအား ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်သွားရန် မိမိတို့အဖွဲ့အစည်း၏ ရည်ရွယ်ချက်များအား အမြဲ အလေးထား ဆောင်ရွက်သွားကြရန် မှာကြားပြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များအတွက် ဝတ်စုံ ၁၅ စုံနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား ဝတ်စုံ ၁၅ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်အသစ် ၁၀ ဦးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် အသစ် ၁၀ ဦးတို့အား အသင်းဝင်များအဖြစ် လက်ခံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)