MNP - ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် သွေးလွန် တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွပ်များ၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်မျာအလွယ်တကူပေါက်ပွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်း များတွင် ပိုးလောက်လန်းများပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြု လုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပြောကြားခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများအလိုက် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment