ဂန့်ဂေါမြို့ မြစ်သာခန်းမလမ်းတွင် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့ မြစ်သာခန်းမလမ်းတွင် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်

 



MNP - ဇူလိုင်   ၁၀


သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့၊ မြစ်သာခန်းမလမ်းတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြစ်သာခန်းမလမ်းတွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုးတို့က ပျိုးပင်များကို ပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လွင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်တို့က လက်ခံရယူခဲ့သည်။


၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်(၂)ပေအထက်ရှိ ခရေပင်၊ ပိတောက်ပင်၊ ရေတမာပင်၊ အသောကပင်စသည့် သစ်ပင်မျိုးပေါင်း(၄)မျိုး ပျိုးပင်ကြီးပေါင်း (၈၄)ပင်အား တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း(၁၀၀) ဦးခန့်က စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ထင်အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)