ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏ (၂/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏ (၂/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းအစည်းအဝေးကျင်းပ

 



MNP - ဇူလိုင်   ၁၀


ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏ (၂/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်၊ ဥယျာဉ်ခြံမြေအခြားနည်းအသုံးပြုခွင့်တို့နှင့်ပတ်သက်၍ ခွင့်ပြုချက်မရဘဲ ကြိုတင်အသုံးချနေခြင်းများသည် ဥပဒေနှင့်မညီသကဲ့သို့ တရားနည်းလမ်းလည်းမကျသည့်အတွက် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပြီးမှသာ ပြန်လည်တင်ပြပေးကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် ကော်မတီဝင်များကလည်း ကြိုတင် အဆောက်အဦဆောက်လုပ်ပြီးမှ တင်ပြလာသည့်အမှုတွဲများအား လယ်ယာမြေ စည်းကမ်းနှင့်ဦးစွာအရေးယူပြီးမှသာ ဆက်လက်တင်ပြပေးစေလိုကြောင်း၊ လယ်ယာမြေ အငြင်းပွားမှု ကိစ္စရပ်များကို သက်ဆိုင်ရာအဆင့်ဆင့်မှ စုံစမ်းစစ်ဆေးပြီးဆုံးဖြတ်ပေးရာတွင် ဥပဒေဘောင်အတိုင်း  အဖွဲ့စုံစုံလင်လင်ဖြင့် ဆုံးဖြတ် အတည်ပြုပေးစေလိုကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာသူများက ဥပဒေအား လက်တစ်လုံးခြား ဆောင်ရွက်ခြင်းနှင့် မြေယာအငြင်းပွားခြင်းများ ကင်းရှင်းစေရန် ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီများ၏အတွင်းရေးမှူး ဦးနီဝင်းနိုင်က လယ်ယာမြေစီမံခန့်ခွဲရေး ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)