MNP - ဇူလိုင် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားကို အများပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ အချုပ်အခြာအာဏာနှင့် မိမိတို့ ပြည်ထောင်စုကို တည်ဆောက်ခဲ့ကြသည့် နိုင်ငံခေါင်းဆောင်ကြီးများ၏ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်သည် များကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်း မှာကြားသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ဆုံးဖြတ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဗိုလ်ချုပ် ပန်းခြံတွင် ကျင်းပပြုလုပ်ပြီး ပြည်သူများ ပူးပေါင်းပါဝင် လွမ်းသူပန်းခွေချနိုင်ရေး စီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ စုံလင်စွာ တက်ရောက်နိုင်ရေး၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသွားမည့် ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းတည် ၁၂ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ တက္ကသိုလ် ခရစ်ယာန်များ မိတ်သဟာယရုံးဝင်းအတွင်း၌ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးနေမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ ကြပြီး ကာကွယ်ဆေးထိုး လာရောက်ကြသည့် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် စီတာပူရပ်ကွက်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါး ကုသရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများနှင့် ဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment