ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်ကြား (ကျောင်းပြင်ပ) ကလေးသူငယ်များနှင့် အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြား ပြည်သူများအား (ပထမအကြိမ်)အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်ကြား (ကျောင်းပြင်ပ) ကလေးသူငယ်များနှင့် အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြား ပြည်သူများအား (ပထမအကြိမ်)အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး




MNP ၊  ဇူလိုင်   ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်ကြား (ကျောင်းပြင်ပ) ကလေးသူငယ်များနှင့် အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြား ပြည်သူများအား (ပထမအကြိမ်)အဖြစ်  ယနေ့နံနက်ပိုင်းက စတင်၍  စုရပ်(၆)ခု၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေခဲ့ သည်။ 

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား(ပထမ)အကြိမ်အဖြစ် အသက်(၅)နှစ်မှ (၁၅)နှစ်ကြား (ကျောင်းပြင်ပ) ကလေးသူငယ်များကိုယနေ့ နံနက်ပိုင်း က  မသန်စွမ်း/နာတာရှည် ၁ဦး ၊ ဘာသာရေးကျောင်း ၂၂ဦး၊အခြား/ မိသားစု/မှီခိုသူ ၂၂ဦး  စုစုပေါင်း ၄၅  ဦးအား Sinopharm ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အသက် (၁၅) နှစ်မှ (၁၈)နှစ်ကြား ပြည်သူများတွင် အခြားဝင်ငွေရ ၂ဦး၊ဘာသာရေးကျောင်း ၂ဦး၊  အခြား/ မိသားစု/မှီခိုသူ ၂၀ဦးစုစုပေါင်း(၂၄)ဦးအား Covaxinကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)