မြစ်ကမ်းပါးပြိုကျမှုကြောင့် ကညင်ရိုးကျေးရွာတွင် လူနေအိမ်(၁)လုံး ပြောင်းရွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကမ်းပါးပြိုကျမှုကြောင့် ကညင်ရိုးကျေးရွာတွင် လူနေအိမ်(၁)လုံး ပြောင်းရွေ့

 



MNP - ဇူလိုင်   ၅


ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပေါ်လာသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုးကျေးရွာ၊ ငဝန်မြစ်ကမ်းဘေးရှိ နေအိမ်(၁)လုံးအား ယမန်နေ့ နံနက်က ပြောင်းရွေ့ပေးခဲ့ကြောင်း သိရှိရသည်။


အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုးကျေးရွာ မြစ်ကမ်းဘေးရှိ ဒေါ်မြင့်ဌေး၏ နေအိမ်(၁)လုံးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ဌေးဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်သော ရွာသူရွာသားများမှ ဘေးအန္တရာယ်ကင်းလွတ်ရာသို့ ပြောင်းရွေ့ပေးခဲ့သည်။


အဆိုပါ လူနေအိမ်များ ပြောင်းရွေ့ရာသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးဦးဆောင်သော တာဝန်ရှိများမှ ကြည့်ရှုအားပေးခဲ့ပြီး မြစ်ကမ်းဘေး နေထိုင်သူများအား ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကမ်းပြိုမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြစ်ကမ်းအနီးနေထိုင်သူများ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ကြိုတင်ပြောင်းရွေ့ နေထိုင်သွားရန် အသိပေးပြောကြားခဲ့ပြီး လိုအပ်သည်များ ကူညီပေးခဲ့ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)