MNP - ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းနှင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားစိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၏ ယခင်နှစ်မိုးစပါးစိုက်ဧက (၁၅၄၉၈)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း ပျှမ်းမျှ(၇၁.၃၂)တင်းနှုန်းထွက်ရှိခဲ့ကာ ပလောက်မြို့၏ ဒေသဝမ်းစာဖူလုံမှုမှာ (၁၄၈.၂၈)ရာခိုင်နှုန်းရှိသော်လည်း တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံး၏ ဒေသဝမ်းစာဖူလုံရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုး၍ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
သတင်း - နှင်းမြူလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment