MNP - ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ တန်ဆောင်ခန်းမတွင် တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ အခြေခံပညာ အထက်တန်းကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်မှ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနသုံးခု၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နော်သဝါးမှလည်းကောင်း၊ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် ပုသိမ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်ဒေလီမြင့်မှ လည်းကောင်း၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်ခေါင်းစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးကျော်ဝင်းမှလည်းကောင်း၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ ခေါင်းစဉ်ဖြင့် တိုင်းဒေသကြီး လူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးကျော်မျိုးသိန်းမှလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆွေးနွေးဟောပြောပွဲသို့ လာရောက်ဟောပြောပေးခဲ့ကြသည့် ဌာနအသီးသီးမှ တာဝန်ရှိသူများအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သန်းမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားတက်ရောက်ကြသူများမှ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment