MNP ၊ ဇူလိုင် ၅
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်ပြပွဲ ၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယနေ့ မွတ်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းနှင့် အာနည်နေ့ကို နှစ်စဉ် ကျင်းပလာပုံများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ပေးထားမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment