MNP ၊ ဇူလိုင် ၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အသီးသီးတွင် ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလအတွင်းကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိခဲ့သည့် ဦးတည်အုပ်စုများတွင်ပါဝင်သူများကို ယနေ့ နံနက်၉ နာရီမှစတင်ပြီး ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး CovidShield ဆေးကို Booster Dose ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ ဆေးထိုးစုရပ်တွင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ခမောင်းခြေတိုင်အုပ်စုအတွင်းမှ ဦးတည်အုပ်စုတွင်ပါဝင်သူများလရောက် ထိုးနှံလျက်ရှိရာ ဆေးထိုးရန်ရောက်ရှိလာကြသူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စာရင်းကောက်ယူရေးသွင်းမှတ်တမ်းယူခြင်း ကျန်းမာရေးဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်းတာခြင်း ကိုယ်ပူချိန်တိုင်းပေးခြင်းတို့ကိုဆောင်ရွက်ပြီး ပုံမှန် အခြေအနေရှိသူများအား ကိုဗစ်ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးလျက်ရှိသည်။
၎င်းနောက် ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကာကွယ်ဆေးကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment