MNP - ဇူလိုင် ၁၆
သထုံခရိုင်၊ ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က (ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ-ထ-က (ကန်သာယာ) ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက အဖွင့် အမှာစကား ပြောကြားပြီး၊ ဘီးလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံက သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်တတ်သော ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုကျခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ဟောပြောခြင်းနှင့် power point များဖြင့် ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
သတင်း - ထူးနောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment