MNP - ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို အခြေခံအထက်တန်းကျောင်းခွဲ (နားမေတ္တာ)၌ ယမန်နေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာမဒေါ်ခိုင်ခိုင်သန်းက အာဇာနည် (၉)ဦး၏ အတ္ထုပ္ပတ္တိများကို ပြောကြားပြီးနောက် ဒသမတန်းမှ မောင်ပြည့်ဖြိုးမောင်က အာဇာနည်နေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းကို ပြောကြားခဲ့သည်။ ထို့နောက် အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment