စစ်တွေတက္ကသိုလ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေတက္ကသိုလ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

 


MNP - ဇူလိုင်   ၁၆


ရခိုင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ၏ ဦးဆောင်မှုဖြင့် စစ်တွေတက္ကသိုလ်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်စာသင်ခန်းမကြီး (၂)တွင် ကျင်းပသည်။


အသိပညာပေးဟောပြောပွဲတွင် စစ်တွေတက္ကသိုလ်ပါမေက္ခချုပ် ဒေါက်တာခင်မောင်ဇော်က တက္ကသိုလ်အတွင်း အားကစားပြိုင်ပွဲများ၊ အသိပညာနှီးနှောဖလှယ်ပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်များ၊ အသိပညာပေး ဟောပြေပွဲများစသည့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိနိုင်မည့် ကဏ္ဍများအား တက္ကသိုလ်အတွင်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။


ထို့နောက် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက မိမိဌာနမှ လုပ်ဆောင်နေမှုများ၊ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအား လည်းကောင်း၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပတ်ဝန်းကျင်ညစ်ညမ်းမှု‌ကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ စွန့်ပစ်ပစ္စည်းများကြောင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်ဝင်းက မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားလည်းကောင်း၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အောင်မြကြည်က သီးအနှံများတွင် ပိုးသတ်ဆေး အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် စိုက်ပျိုးရေးအကြောင်းသိကောင်းစရာများ စသည်ဖြင့် အသိပညာပေး ဟောပြောကြသည်။


ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)