ကျောက်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အကြို ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အကြို ဟောပြောပွဲပြုလုပ်

 




MNP - ဇူလိုင်   ၁၅


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ် မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းရှိ စိန်ပန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစံဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောသည်။


ထို့နောက် အလယ်တန်းပြဆရာမ ဒေါ်ခင်နွဲ့ရွှေက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။


အဆိုပါ အခမ်းအနားသို့ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ အင်အား(၁၂၀)ကျော်ခန့် တက်ရောက်ခဲ့သည်။


အလားတူ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် (၁၆) ရက်နေ့တွင် လည်း အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)