MNP - ဇူလိုင် ၁၆
မကွေးတက္ကသိုလ်၊ ၂၀၂၂ခုနှစ်၊ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ဆုနှင်းသဘင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးတက္ကသိုလ် စာသင်ဆောင်သစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေဗိမာန်ဆုရ စာရေးဆရာ တင်လင်းဇော်က အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောခဲ့သည်။
ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တို့က စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများ၊ ကဗျာပြိုင်ပွဲ ဆုရရှိသူများ၊ ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သတင်း - ကိုအောင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment