ပင်းတယမြို့၌ ဝါတွင်းကာလ၊ ဆရာတော်၊ သံဃာတော် (၃၄၄)ပါးအား အာရုဏ်ဆွမ်းလောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့၌ ဝါတွင်းကာလ၊ ဆရာတော်၊ သံဃာတော် (၃၄၄)ပါးအား အာရုဏ်ဆွမ်းလောင်းလှူ

 



MNP - ဇူလိုင်   ၂၆


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် (၃၄၄)ပါးအား အာရုဏ်ဆွမ်းလောင်းလှူ ခြင်းကို ယနေ့ဝါဆိုလပြည့်ကျော် ၁၄ ရက်နေ့ (ဝါတွင်းကာလအဖိတ်နေ့) နံနက်အာရုဏ်တက်ချိန်၌ မြို့လည်ဓမ္မာရုံကြီးရှေ့တွင် မြို့နယ်ဝါတွင်းကာလ သံဃာ့ဒါနဆွမ်းလောင်း အသင်းအဖွဲ့ဥက္ကဋ္ဌနှင့်   အသင်းအဖွဲ့ဝင်များလှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။


ယနေ့၌မြို့ပေါ်ကျောင်းတိုက်ရှိ သံဃာတော်မြတ်များအားဝါတွင်းကာလ အာရုဏ်ဆွမ်း လောင်းလှူနိုင်ရန်အတွက်၊ အော်ရောရပ်ကွက်မှ သံဃာ့ဒါနအသင်းဝင် ဦးနေဝင်းဇနီးဒေါ်သဲမာ သမီးမယွန်းဝတီသော်၊ သားမောင်ခန့်ဝေထက်(ထူးဓနကဖီး)မိသားစုတို့၏ လှူဒါန်းပေးမှုဖြင့်၊ မြို့နယ်ဝါတွင်းကာလ၊ သံဃာ့ဒါနဆွမ်းလောင်းအသင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အသင်းအဖွဲ့ဝင်များတို့က အာရုဏ်ဆွမ်းတော်များချက်ပြုတ်ခြင်းနှင့် အာရုဏ်ဆွမ်းဟင်းတော်များအား စုပေါင်းလောင်းလှူဒါန်းခဲ့ကြပြီး၊ နီးစပ်ရာ ရပ်ကွက်များမှ အလှူရှင် အချို့မှလည်း အာရုဏ်ဆွမ်းများ အချိန်မီချက်ပြုတ်၍စုရပ်သို့ လာရောက်ကာ အာရုဏ်ဆွမ်းတော်ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ယနေ့ အဖိတ်နေ့၊ ဆွမ်းလောင်း လှူပွဲတွင် ပင်းတယမြို့ပေါ် ရှိဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းမှ ဆရာတော်သံဃာအပါး (၃၄၄) ပါး အားဆွမ်းလောင်းလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)