မွန်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်


MNP ၊ ဇူလိုင် ၃

၂၀၂၂ ခုနှစ် ယနေ့တွင်ကျရောက်သော  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မွန်ပြည်နယ်၊  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တော်ကို ယနေ့နံနက် ၈ နာရီခန့်က အားကစားနှင့် ကာယပညာ သိပ္ပံ‌ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စန်းစန်းလွင်နှင့်အဖွဲ့ဝင်များက မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထိုနောက် ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကပြည်နယ်/ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များကိုလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ နာယက ဒေါ်စန်းစန်းလွင်က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများအား စိုက်ပျိုးမည့် ပျိုးပင်များအားလည်းကောင်း ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်၊ အသင်းဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ခရေ၊ ကံကော်၊ ပျဉ်းမ၊ ငုရွှေဝါ၊ ကျွန်း၊ ရေတမာ၊  စိန်ပန်းအစရှိသော ကြီးထွားရှင်သန်ရန် အကောင်းဆုံးအရွယ်ရှိသည့် သစ်ပင်ပေါင်း ၇၀၀ ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းသည် National Strategic Plan For the Advancement of Women (NSPAW)၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော အမျိုးသမီးများနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းစဉ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသော သစ်ပင်များကို စနစ်တကျ ပြုစုထိန်းသိမ်းပြီး ရှင်သန်အောင်မြင်သော သစ်ပင်များကိုဖျက်ဆီးမှု ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ထိန်းသိမ်းကာကွယ်ပေးကြစေလိုသော ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)