MNP ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာအုပ်စု တောင်သူ ဦးထွန်းသာစိန်၏ လယ်၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝမြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး က သဘာဝမြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူး နှင့်တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ထို့ပြင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း EM အသုံးပြုသဘာဝမြေဩဇာ ပြုလုပ်ပြသခြင်းများဆောင်ရွက် ပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး နှင့် ဝန်ထမ်းများ ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment