အီရန်နိုင်ငံ တောင်ပိုင်း ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦး ၊ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်နိုင်ငံ တောင်ပိုင်း ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦး ၊ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိပြီဖြစ်





တီဟီရန်၊ ဇူလိုင် ၃ 

အီရန်နိုင်ငံ တောင်ပိုင်း ဟော်မိုစဂန်ပြည်နယ်(Hormozgan) တွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ပြင်းအား အဆင့် ၆ နှင့်အထက်ရှိ ငလျင် သုံးကြိမ်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ လူပေါင်း ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Fars သတင်းအေဂျင်စီက အရေးပေါ်ရေးရာအရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ 

ဒဏ်ရာရသူများအနက် ၂၉ ဦးကို ဆေးရုံတင်ထားရကြောင်း အီရန်နိုင်ငံ အရေးပေါ်ဝန်ဆောင်မှုရေးရာ ပြောရေးဆိုခွင့်ရှိသူ Mojtaba Khalediက ပြောကြားခဲ့သည်။ 

ငလျင်ဖြစ်ပွားရာနေရာသို့ အရေးပေါ်ယာဉ်များနှင့်ရဟတ်ယာဉ်များကို အစောပိုင်းတွင် ပို့ဆောင်ထားကြောင်းနှင့် အချို့နေရာများတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကြောင်း Khalediက ဆိုသည်။ 

ပြင်းအား ၆.၁ အဆင့်ရှိ ပထမဆုံးငလျင်သည် ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၂ နာရီ ၀၂ မိနစ်ခန့်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နာရီ အနည်းငယ်အကြာတွင် ၎င်း၏ နောက်ဆက်တွဲအဖြစ် ၆.၃ အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခုသည် ထပ်မံလှုပ်ခတ်ခဲ့သည်။ အဆင့် ၄ နှင့်အထက်ရှိသော ငလျင်များစွာလှုပ်ခတ်ခဲ့ကြောင်းကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ 

ငလျင်ဒဏ်ကြောင့် ကျေးလက်ဒေသရှိ နေအိမ်အချို့ ပျက်စီးခဲ့သလို လမ်းတံတားကျိုးကျပျက်စီးခြင်းနှင့်လမ်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဟော်မိုစဂန်ပြည်နယ်(Hormozgan)အကြီးအကဲ Mokhtar Salahshourက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊  လူအများကို နေရာချထားပြီး ရွက်ဖျင်တဲနှင့်အခြားထောက်ပံ့ရေးပစ္စည်းများကို ထပ်တိုးဝေငှထားကြောင်းပြောကြားခဲ့သည်။ 


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)