MNP ၊ ဇူလိုင် ၃
ဆရာတော်ဦးဝါသဝ၊ ဆရာတော်ဦးပညာသာမိ တို့ ဦးဆောင်၍ ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း၍ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာ ၃ရွာတွင် ပြည်သူ့စစ်ထပ်တိုးဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ဆရာတော်ဦးဝါသဝ က "ဒီကနေ့ ပြည်သူ့စစ် ၃ရွာ ထပ်ပြီး ဖွဲ့စည်းနိုင်ပါတယ်။ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာတွေကလည်း တက်တက်ကြွကြွရှိပါတယ်။ ဒီကနေ့ ထပ်တိုးဖွဲ့စည်းနိုင်တဲ့ ကျေးရွာတွေကတော့ ကမ်းဖြူကျေးရွာ၊ စိန်နားကျေးရွာ၊ ကင်းကျေးရွာတို့မှာ ထပ်တိုးဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
ကျေးရွာများတွင် PDF အစွန်းရောက် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် ဆရာတော်ဦးဝါသဝ၊ ဆရာတော်ဦးပညာသာမိ၊ ဗိုလ်ကြီးအောင်မင်း၊ ဆရာဦးကျန်၊ ဒေါ်မိုးသူဇာတို့က အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ဆရာတော်ဦးဝါသဝ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကန့်ဘလူမြို့နယ်၊ အင်ဘတ်တောကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံတော်မှလည်း လက်နက်များ ပံ့ပိုးပေးထားပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ သံဃာတော်များကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဆရာသင်ကျောင်းများကို Drone ဖြင့် ဗုံးပစ်ချခြင်းများ လုပ်ဆောင်လျက်ရှိပြီး ကျေးရွာများတွင် ပြည်သူ့စစ်များဖွဲ့စည်း၍ အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကာကွယ်နေကြရခြင်းဖြစ်သည်။
ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်ခြင်း မရှိသော ကျေးရွာများတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ကျေးရွာများရှိ စာသင်ကျောင်းကို ၎င်းတို့၏ အကြမ်းဖက်စခန်းအဖြစ်လည်းကောင်း၊ NUG ဖွင့်လှစ်သည့်ကျောင်း အမည်ဖြင့် လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြဆဲဖြစ်သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment