စဉ့်ကူးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်






MNP ၊ ဇူလိုင်   ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(မိဘမဲ့ကျောင်း) သို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ရွှေမုဌောဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အာဟာရဒါန လှူဒါန်းရာတွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာအုပ်စု၊ လက်ပံလှကျေးရွာရှိ အမှတ်(၁၂) သောတုဇန ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မိဘမဲ့ကျောင်း)ရှိ ကလေးသူငယ်များ၊ ကိုရင်များ၊ သီလရှင်များနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးခန့်အတွက် ဆန်၊ ဆီနှင့် ပဲနို့အချိုရည်တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏စီစဉ်မှုဖြင့် လှူဒါန်းခဲ့ကြပြီး စဉ့်ကူးမြို့ပေါ်ရှိ ရွှေမုဌောဘုရားရင်ပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဘုရားပန်း ကပ်လှူပူဇော်ခြင်းများကို စဉ့်ကူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)