MNP ၊ ဇူလိုင် ၁၃
ကာကွယ်ရေးဦးစီးချုပ်ရုံး ( ကြည်း ) ၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် တပ်ကျောင်းများနှင့် အခြေ ခံပညာကျောင်းများ ပညာရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပခဲ့ရာ ဆွေးနွေးပွဲတွင် သင်ရိုးဟောင်းပညာ ရေးစနစ်မှ သင်ရိုးသစ်(KG+12)ပညာရေးစနစ်သစ်သို့ ပြောင်းလဲသင်ကြားပေး ရာတွင် အားနည်းချက်/အားသားချက်များနှင့် အကျိုးကျေးဇူးများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည့်အပေါ် မြန်မာနေရှင်နယ်ပို့စ်က KG+12 စနစ်သစ်၏ အားသာချက်/ အားနည်းချက်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သည်။
ဆက်သွယ်မေးမြန်းမှုအပေါ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က "ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ၌ သင်ရိုးသစ် KG+12 ပညာရေးစနစ်သစ် ၏ အားသာချက်များမှာ ကျောင်းသား၊ ကျောင်းသူများ ၂၁ရာစု ကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ ရှိစေခြင်း၊ ကလေးဗဟိုပြုချည်းကပ်သင်ကြားနည်းစနစ်ကို ဦးတည်ဆောင်ရွက်နေခြင်း၊ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့နည်းစေခြင်း၊ သင်ရိုးသစ် သင်ထောက်ကူပစ္စည်းများဖြင့် ထိရောက်စွာ သင်ကြားပေးနိုင်ခြင်း၊ ထိရောက်သော စစ်ဆေးအကဲဖြတ်ခြင်းများဖြင့် သင်ကြားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
KG+12 စနစ်သစ်၏ အားနည်းချက်များနှင့် ပတ်သက်၍ ဆရာများသည် သင်ရိုးသစ်ဘာသာရပ်များအလိုက် ဆရာကိုင်လမ်းညွှန်စာအုပ်ပါအတိုင်း လိုက်နာသင်ကြားမှုအားနည်းခြင်း၊ သင်ပြနည်းများကို နားလည်သဘောပေါက်ရန်နှင့် ကိုယ်တိုင်သင်ယူလေ့လာရန် လိုအပ်နေသေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထိရောက်စွာ အသုံးပြုသင်ကြားမှု အားနည်းခြင်း၊ ထပ်ဆင့်သင်ဆရာများ၏ ရရှိသောဘွဲ့နှင့် သင်ကြားရသောဘာသာရပ် ကိုက်ညီမှုမရှိခြင်း၊ ပြောင်းလဲလိုက်သည့် သင်ရိုးသစ်အပေါ် မိဘများ၏ နားလည်သဘောပေါက်မှု ပူးပေါင်းဆောင်ရွက်နိုင်မှုအားနည်းခြင်း၊ ထပ်ဆင့်သင် ကျောင်းသား၊ ကျောင်းသူများ ဘာသာတွဲရွေးချယ်သင်ယူမှု လွဲမှားခြင်း၊ အချို့ကျောင်းများတွင် စာသင်ဆောင်/စာသင်ခန်း လိုအပ်ချက်များရှိခြင်း စသည့် အားသာချက်/ အားနည်းချက်များကို သုံးသပ်တွေ့ရှိရကြောင်း ဖြေကြားထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment