MNP ၊ ဇူလိုင် ၁၃
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးခရိုင်ဘဏ်ခွဲသည် ပဲခူးမြို့ နယ်အတွင်းရှိအချိန်စေ့ချေးငွေပြေကျေပြီးသည့်လယ်သမားများသို့ (၁၈-၅-၂၀၂၂) နေ့မှစတင်၍ ၂၀၂၂-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ(၁၁-၇-၂၀၂၂) ရပ်ကွက်/ ကျေးရွာအုပ်စု( ၃၅ )အုပ်စုမှလယ်သမား(၁၅၅၄)ဦး သို့(၁၀၇၈၁)ဧကအတွက်ချေးငွေပေါင်း ( ၁၆၁၇၁.၅၀ )သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ပဲခူးခရိုင်ဘဏ်ခွဲအနေဖြင့် အချိန်စေ့ချေးငွေပြေကျေသည့် လယ်သမားများသို့ ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ရပ်ကွက်/ ကျေးရွာအုပ်စု (၉၀) မှ လယ်မြေ( ၄၃၈၆၀ ) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေါင်း ( ၆၅၇၉၀.၀၀ )သိန်းကို စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန် လျာထားကြောင်း ခရိုင်မန်နေဂျာထံမှ သိရသည်။
သတင်း - သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment