တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အပေါ် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အပေါ် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲအခမ်းအနားကျင်းပ

 




MNP - ဇူလိုင်   ၈


တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အပေါ် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အပေါ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့်အခါတွင် လိုအပ်ချက်များရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ဦးဇော်မင်းအုန်းက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်နိုင်မိုးက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်တွင် ဌာနတစ်ခုချင်းအလိုက် ပြင်ဆင်ထားသည့်အချက်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက  ပြင်ဆင်ထားရှိသည့်အချက်များအပေါ်တွင် လိုအပ်သည့်များကို ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)