MNP ၊ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တွေ့ဆုံမိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့ နေ့လည် ၂ နာရီအချိန်က အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမ်းခရိုင်သို့အသစ်ခန့်ထားရောက်ရှိလာကြသော အမ်းခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ က မိတ်ဆက်ခြင်းနှင့် အဖွင့်အမှာစကား ပြောကြားကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက် တို့က မိတ်ဆက်ခြင်းများဆောင်ရွက်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့ နယ်အဆင့်ဌာနဆိုင် ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းမြတ်ဟိန်း သူက အမ်းမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ဖွင့်လှစ်ချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်များအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း မြို့နယ် အချက်အလက်စာ ရင်း ဇယားများနှင့်ပတ်သက်၍ မြေပြင်အမှန် စာရင်းဇယားများအား တိတိကျကျ
ပေးအပ်ရန်လိုအပ်ပါကြောင်း ခရိုင်မြို့ဖြစ် လာပြီဖြစ်၍ ခရိုင်အဆင့်နှင့်အညီ ဆောင် ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ပညာရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စနေနေ့တွင် သန့်ရှင်းရေးလုပ်ငန်းများ အား ဌာနဆိုင်ရာများကပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြကာ မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏သက် ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment