ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ ဆက်ကပ်လှူ ဒါန်းသည့် ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ ဆက်ကပ်လှူ ဒါန်းသည့် ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲကျင်းပ







MNP ၊ ဇူလိုင် ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်ကပ်လှူဒါန်းသည့် ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲကို  ရခိုင်

ပြည်နယ်၊ရမ်းဗြဲမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရမ္မာဝတီခန်းမ၌ကျင်းပ ကြသည်။

အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ရမ်းဗြဲမြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွာပုလဲကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဝိသုန္ဓနှင့် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၆ ပါး အား  နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက ရွာပုလဲကျောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆေးများကို ရမ်းဗြဲမြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွာပုလဲကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဝိသုန္ဓနှင့် ဆရာတော်ကြီးများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းကြသည်။ 

ယင်းနောက် ဗဟန္တောင်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို  ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)