ကျိုက်ထိုမြိုန့ယ် တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(AVIP)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြိုန့ယ် တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(AVIP)သင်တန်းဖွင့်လှစ်



MNP ၊ ဇူလိုင် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန ၊ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်း(AVIP) သင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဇော်လတ် က မိမိတို့ဌာနအနေဖြင့်ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်လာရေးအထောက် အကူပြုသင်တန်းများအားဖွင့်လှစ်သင် ကြားပေးလျှက်ရှိပြီး ကျေးရွာများ၏ လိုအပ်ချက်များကိုအ‌ကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိရာကျေးရွာများ၏ လိုအပ်ချက်များအားလက်တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်ရန်လုပ်ငန်းစီမံကိန်းသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးအရာရှိဦးမြတ်သူမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့သံတံတားကျေးရွာ ၊ပိ‌ တောက်ကုန်းကျေးရွာ၊ကွင်းကလေးကျေးရွာ၊တို့မှသင်တန်းသား သင်တန်းသူ(၃၃)ဦးတက်ရောက်ပြီး မြို့နယ် စီမံကိန်းတာဝန်ခံ ဝန်ထမ်း မှ စီမံချက်အဆိုပြုလွှာ၊စီမံချက်ဆောင်ရွက်ရန်အကြောင်းအရာရည်ရွယ်ချက်၊လက်ရှိအခြေအနေလိုအပ်သည့်ဆန္ဒမျှော်မှန်းချက်၊အကျိုးရလာဒ်အစရှိသည့်စီမံကိန်းဆိုင်ရာအချက်အလက်များ အားနံနက် ၁၀နာရီမှညနေ ၃နာရီထိ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)