ဖျာပုံမြို့ ၌ Door to Door စနစ်ဖြင့်ရပ်ကွက်/ ကျေးရွာများသို့အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့ ၌ Door to Door စနစ်ဖြင့်ရပ်ကွက်/ ကျေးရွာများသို့အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ





MNP ၊  ဇူလိုင်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများတွင် Door to Door စနစ်ဖြင့်ရပ်ကွက်/ ကျေးရွာများသို့ အိမ်ထောင်စုစာရင်းများကွင်းဆင်းကောက်ယူဆောင်ရွက်ခြင်းကိုယမန်နေ့ နံနက်ပိုင်းမှစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ

Software Program ရေးသွင်းနိုင်ရေးအတွက်အိမ်ထောင်စု၊လူဦးရေစာရင်းများ၊မှန်ကန်စေရန်အတွက်

Door to Door အဖြစ်ဆောင်ရွက်ရာတွင်သေဆုံးသူများပယ်ဖျက်၍ မွေးဖွားသူများကိုမွေးတိုးစာရင်းဆောင်ရွက်ခြင်း၊သေဆုံးသူများကိုစာရင်းမှပယ်ထုတ်ခြင်း၊အကွက်အပေါက်တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို မြို့ပေါ် ရပ်ကွက်/ကျေးရွာအလိုက်လိုက်လံစစ်ဆေးကြသည်။ဆက်လက်၍ ကျန်ရှိသောရပ်ကွက်/ ကျေးရွာများသို့လည်း၊နေ့ရက်အလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)