စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံ





MNP ၊ ဇူလိုင်    ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ဆောင်ရွက် ပေးခဲ့သည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ထွန်းကျော်နိုင် နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ မြင့်သိန်းဦး နှင့် မြို့နယ်ပညာရေး ဌာနတို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊  ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား/ကျောင်းသူ (၅၂၁)ဦးအားလည်းကောင်း၊ ယခု ဒုတိယအကြိမ်တွင် ကျောင်းသား/ ကျောင်းသူ (၄၄၉၂) ဦးအား လည်းကောင်း၊  စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၀၁၃) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)