MNP ၊ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သာယာဝတီကျေးရွာအုပ်စု၊ ထီးကုန်းကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကမ်းပါး အနီးတွင် နေထိုင်သော လူနေအိမ်(၁)လုံး ကြိုတင် ရွှေ့ပြောင်းခဲ့ရသည်။
အဆိုပါ လူနေအိမ်မှာ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး နေအိမ်ဖြစ်ပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သဖြင့် နေအိမ်အမိုး အနည်းငယ်ပျက်စီးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၀၀၀၀ ဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်း ပေးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုဆုံးရှုံးမှု မရှိကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment