MNP ၊ ဇူလိုင် ၈
ယနေ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း နိုင်ငံရေးအခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်အစိုးရ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ လုပ်ကြံခံရတဲ့သတင်း ကြားသိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး များစွာ အံ့သြတုန်လှုပ်မိပါတယ်။ ဒီလို လုပ်ကြံရန်ကြိုးစားမှုကိုလည်း ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်သလို မိတ်ဆွေဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အမြန်ဆုံး ပြန်လည်ကျန်းမာစေရေး ဆုမွန်ကောင်း တောင်းလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်နေတဲ့ အကြမ်းဖက်ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ပြင်းထန်စွာ ရှုတ်ချပါတယ်ဗျာ။" ဟု ထုတ်ပြန်ပြောကြားထားသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့် လုပ်ကြံခံရပြီး အဆုတ်နှင့် နှလုံး အလုပ်မလုပ်တော့ဟာ သတင်းများ ထွက်ပေါ်နေသော်လည်း ဆရာဝန်များက သေဆုံးကြောင်း အတည်ပြုချက် မထုတ်ပြန်သေးကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment