MNP ၊ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ ငပလီမြို့တွင် (Book Club)အဖွဲ့ဝင်များနှင့် စာရေးဆရာ ချစ်ဦးညိုရေးသားထားသော တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ငပလီမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စာကြည့်တိုက်ခန်း၌ ယနေ့ နေ့လည် (၁၂)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၊ ဒေါ်သန်းနုက ရုံးစာကြည့်တိုက် များကို (Community Centre)များအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီးမြို့နယ်အတွင်းတွင်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) ဖွဲ့စည်း၍စာဖတ်ဝိုင်းများ၊စာပေနှီးနှော ဖလှယ်ပွဲများနှင့်သုတ /ရသ စာပေများကိုဝေဖန်သုံးသပ်ပြီး တစ်ဦးနှင့် တစ်ဦးအသိပညာ၊ဗဟုသုတများကိုနှီးနှော ဖလှယ်ရန်ရည်ရွယ် ၍စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေး နွေးခဲ့သည်။
ထို့နောက် (Book Club)အဖွဲ့ဝင် ဦးဟိန်းဇော်ထက်၊ဒေါ်ခင်မိုးလွင်နှင့်မောင်ခန့့်ပြည့်ကျော်တို့က စာရေးဆရာချစ်ဦးညိုရေးသားထားသော တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်း၊ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ထဲမှ ယဉ်ကျေးမှုအကြောင်းအရာကိုလည်းကောင်း၊တိုးတက်ခြင်းအကြာင်းအရာများနှင့်ဆုတ်ယုတ်ခြင်းအကြောင်းအရာများဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဝင်(၆)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - သန်းနု
https://t.me/MyanmarNationalPost
No comments:
Post a Comment