ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု သုံးချက်ကို ဝမ်ရိပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု သုံးချက်ကို ဝမ်ရိပြောကြား


ဘာလီ၊ အင်ဒိုနီးရှား၊ ဇူလိုင် ၈ 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဘာလီကျွန်းတွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ယူကရိန်းအရေးနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.Jaishankar နှင့် အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။ လက်ရှိ ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု သုံးချက်ကို ဝမ်ရိကပြောကြားခဲ့သည်။

ပထမအချက်မှာ စစ်အေးတိုက်ပွဲအယူအဆ လှုံဆော်ခြင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြန့်ဝေခြင်း ၊ “စစ်အေးတိုက်ပွဲသစ်” ဖန်တီးရန် အခွင့်အရေးယူမှုကို ဆန့်ကျင်ခြင်း စသည်တို့ ဖြစ်သည်။ ရှုပ်ထွေးပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်စဉ် ကမ္ဘာက ကွဲပြားခြင်းထက် စည်းလုံးညီညွတ်ခြင်းကို ပိုမိုအလေးထားပြီး ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးမှုများကို လိုအပ်သည်။ တရုတ်နိုင်ငံသည် သမိုင်း၏ မှန်ကန်သောဘက်ခြမ်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖျောင်းဖျရာ၌ တက်ကြွစွာ တွန်းအားပေးသည့်ဘက်တွင် အခိုင်အမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။ 

ဒုတိယအချက်မှာ စံနှုန်းနှစ်မျိုးဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေပြည့်စုံမှု ထိခိုက်ခြင်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ အချို့သောနိုင်ငံများက ယူကရိန်းအရေး၌ အချုပ်အခြာအာဏာ၏ အခြေခံမူကို အလေးထားကြောင်း ပြောဆိုခဲ့သော်လည်း ထိုင်ဝမ်အရေးတွင်မူ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စဉ်ဆက်မပြတ်စိန်ခေါ်နေသည့်အပြင် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများဖန်တီးရန် ကြံစည်ခြင်းတို့မှာ ပြောင်ပြောင်တင်းတင်း စံနှုန်းနှစ်မျိုးဖြစ်ကြောင်း သိသာထင်ရှားသည်။ တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းနှင့် ထိုင်ဝမ်အရေးကို နှိုင်းယှဉ်ရန်ကြံစည်သည့် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး အဓိကကိုယ်ပိုင်အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်သည်။ 

တတိယအချက်မှာ အခြားနိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုမှ ဆန့်ကျင်ခြင်းဖြစ်သည်။ အချို့နိုင်ငံများက ယူကရိန်းအကျပ်အတည်းကို အကြောင်းပြပြီး တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ အလွန်အကျွံပြုလုပ်နေရာ ယင်းလုပ်ရပ်မှာ အကျိုးသင့်အကြောင်းသင့်မဟုတ်သလို တရားမျှတမှုလည်းမရှိကြောင်း၊ ထို့ပြင် ၎င်းက နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ပုံမှန်ကျသော အပြန်အလှန်ဆက်ဆံရေးကို ဖျက်ဆီးခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကိုလည်း ချိုးဖောက်ကာ ယူကရိန်းအကျပ်အတည်း၏ ရှုပ်ထွေးမှုနှင့် ကျယ်ပြန့်မှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပေါ် နိုင်ငံအသီးသီးအနေဖြင့် ပူးပေါင်းဆန်ကျင်ကာ ပွင့်လင်းမြင်သာသော၊ တရားမျှတသော၊ ခွဲခြားဆက်ဆံမှုမရှိသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ကို ကြိုးပမ်းတည်ဆောက်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။


Ref: (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)