MNP ၊ ဇူလိုင် ၈
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ တွင်ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာ နည်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ရှေ့ဦးစွာမြို့နယ်ဦးစီးမှူးဦးမြင့်ခိုင်က အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား အာဇာ နည်နေ့ဖြစ်ပေါ်လာပုံနှင့်အခြားအကြောင်း အရာများအားဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြရာ အကောင်းဆုံးကျောင်းသား၊ ကျောင်းသူ(၃)ဦးအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
ဆက်လက်၍ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ကျင်းပပြုလုပ်ရာတွင် အာဇာနည်နေ့နှင့်သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါး၊ ကဗျာများနှင့်အဆိုအမိန့်များ၊ ဒေသတွင်း ပြည်သူ့အကျိုးပြုဆောင်ရွက်သည့် မှတ်တမ်းဓာတ်ပုံများအားပြသထားရာ မူလတန်း၊ အလယ် တန်းနှင့်အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment