ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာတွင် မြေသြဇာကြဲပက် သမန်းနှိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာတွင် မြေသြဇာကြဲပက် သမန်းနှိုးပွဲကျင်းပ

 



MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာတောင်သူ(၇)ဦး၏ လယ်မြေပေါ်ရှိဧက(၁၀၀) တင်း(၁၀၀) စံပြကွက်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေသြဇာကြဲပက်သမန်းနှိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ခဲ့သည်။


မြေသြဇာကြဲပက်သမန်းနှိုးပွဲတွင် တိုင်းဒေသကြီး ဦးစီးမှူးဦးစိန်မောင်မြင့်မှ ဧက(၁၀၀) တင်း (၁၀၀) စံပြကွက်အား ကြည့်ရှု့စစ်ဆေးပြီး မြေသြဇာကြဲပက် သမန်းနှိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စံပြကွက်တောင်သူများအား ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က ဧက(၁၀၀)တင်း(၁၀၀)အထက် ထွက်ရှိရန် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါမြေသြဇာကြဲပက်သမန်းနှိုးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ချိုဦး၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၁၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)